နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့ စီးတီးအက်ဖ်အမ်ရဲ့ တေးဂီတဆုပေးပွဲကို အခုနှစ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှု အန္တရာယ်ကြောင့် အွန်လိုင်းကတဆင့် ကျင်း ပခဲ့ပြီး ဆု ၆ ဆုသာ ချီးမြှင့်နိုင်ခဲ့ပါတယ်။
အခုနှစ်မှာတော့ ဒီဆုပေးပွဲကို ကျင်းပလာတာ ၁၉ ကြိမ်မြောက် ရှိလာခဲ့ပြီဖြစ်ကာ Virtual Ceremony အနေနဲ့ ဇန်နဝါရီ ၃၀ ရက်ညပိုင်းက ထုတ်လွှင့်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဆုရရှိသွားကြတဲ့ အနုပညာရှင်တွေကတော့ မြန်မာသံစဉ်တေးသီချင်း သီဆိုသူဆု ကို ဂန္ထဝင်တေးအလှများ တေးအယ်လ်ဘမ်နဲ့ တေးသံရှင် ဘာဘရာ၊ အကောင်းဆုံး အ မျိုးသားတေးသံရှင်ဆုကို ဇော်ဝင်းထွဋ်၊ အကောင်းဆုံး အမျိုးသမီးတေးသံရှင်ဆုကို မေလ သံစဉ်၊ ဂီတမျိုးဆက်သစ်ဆုကို ကမ္ဘာ့အပြင်သွားပါ ကိုရိုနာ-Go Away Corona သီချင်းကို ရေးသားခဲ့သူ ဒေါက်တာ ဖြိုးဝေလင်း၊ စီးတီးအက်ဖ်အမ်မှာ တေးသီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသားတေးသံရှင်ဆုကို ဖြိုးမြတ်အောင်နဲ့ တေးသီချင်းတောင်းဆိုခံရမှု အ များဆုံး အမျိုးသမီးတေးသံရှင်ဆု ကို နီနီခင်ဇော်တို့က ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၈ ကြိမ်မြောက် ဆုပေးပွဲ အခမ်းအနားမှာတော့ ဆုပေါင်း ၈ ဆုရွေးချယ် ချီးမြှင့်ခဲ့ပြီး ဆုရရှိခဲ့ကြတဲ့ ဂီတအနုပညာရှင်များကို ဆုတံဆိပ်နဲ့ ရွှေ ၁ ကျပ်သားစီ ချီး မြှင့်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်ရဲ့ Virtual Ceremony အခမ်းအနားမှာတော့ အစီအစဉ်တင်ဆက်သူအဖြစ် ဆန်းထွဋ်က ပါဝင်ခဲ့ပြီး နာမည်ကြီး အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ပရိသတ်အချစ် တော် တေးသံရှင်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ မေဆွိ၊ ဖြိုးပြည့်စုံ၊ ဝိုင်းစုခိုင်သိန်း၊ ရတ နာမိုင်၊ သားသား၊ Eternal Gosh၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ဖြိုးမြတ်အောင်၊ ဂျူဝယ်လ်၊ မေလ သံစဉ်၊ ချမ်းမြေ့မောင်ချိုစတဲ့ အဆိုတော်တွေ အများကြီးက ပါဝင်တင်ဆက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။