Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရန် မေလသံစဉ်က ငွေကျပ်သိန်း ၂၀ လှူဒါန်း
DVB
·
July 10, 2021
May Melody

ပြင်ဦးလွင်မြို့မှာ သိန်း တထောင်တန် အောက်ဆီဂျင်စက်ဝယ်ယူနိုင်ဖို့ အဆိုတော် မေလသံစဉ်က ငွေကျပ်သိန်း ၂၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“မေလ ချစ်ရတဲ့ ပြင်ဦးလွင်မြို့လေးမှာ လူတန်းစားမရွေး သက်တမ်းစေ့နေနိုင်ဖို့အရေးအတွက် သိန်းတစ်ထောင်တန် အောက်ဆီဂျင်စက် ဝယ်ယူဖို့ မေလတတ်နိုင်သလောက် သိန်း(၂၀) တိတိ ပါဝင်လှူဒါန်းခဲ့ပါတယ်”

ဒါ့အပြင် ဒီအလှူမှာ ပါဝင်လိုသူတွေကိုလည်း ပြင်ဦးလွင်မြို့ မတည်အလှူရှင် သီ ဟဗလဟိုတယ်နဲ့ ဒေါကြင်မေ(ပွဲရုံ)လုပ်ငန်းရှင် ဒေါ်ခင်​ထွေး ဖုန်းနံပါတ်- 09 763288484 ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း ရေးသားထားပါတယ်။

လတ်တလောမှာတော့ ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်တတိယ လှိုင်းကာလ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယလူနာတွေ တနေ့ထက် တနေ့ များပြား လာနေတာကြောင့် အောက်ဆီဂျင်လိုအပ်ချက် မြင့်တက်လာတာနဲ့အတူ စျေးကွက်အတွင်း အောက်ဆီဂျင်ဘူး၊ အောက်ဆီဂျင်စက်တွေ ပစ္စည်းပြတ်လပ်နေသလို မူလစျေးထက် နှစ်ဆ၊ သုံးဆ မြင့်တက်နေပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၃၂၀ ယောက်၊ သေဆုံးသူ ၆၄ ယောက်  ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၈၄,၃၇၅ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၉ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013