Home
အနုပညာ
ဇော်ဝင်းထွဋ် ၅၇ နှစ်ပြည့် မွေးနေ့အမှတ်တရ “ရင်ခွင်ပြောင်းချိန်”သီချင်း(ရုပ်သံ)
DVB
·
January 22, 2021
zawwinhtut
       “ရင်ခွင်ထဲက ငှက်ကလေးရယ်… အတောင်တွေစုံပြီ ဆိုပေမယ့်… လောကကြီးက အပြောကျယ်လွန်းတော့… လေဆန်မှာ ပျံနေမယ့်… မင်းအတွက် စိုးရိမ်ခဲ့… ဒီနှောင်ကြိုး တွေ အဖြတ်ခက်ပြီကွယ်… ဒီအချိန်မှာ နောက်လှည့်ကြည့်မနေနဲ့တော့… လောကထဲကို သွားဖို့… ခြေလှမ်းတို့ အသင့်ပြင်ထားတော့… နှုတ်ဆက်မနေနဲ့… မေတ္တာတရားဆိုတာ တချိန်မှာ စွန့်လွှတ်ခြင်းကြုံမှာ သိပြီးသားပါ”        ဒါကတော့ ပရိသတ်တွေ သိကြပြီးဖြစ်တဲ့ ဝါရင့်ရော့ခ်စတား အဆိုတော်ကြီး ဇော် ဝင်းထွဋ်ရဲ့ မွေးနေ့အထိမ်းအမှတ် Live Recording အနေနဲ့ ထွက်ရှိလာခဲ့တဲ့ သီချင်း တပုဒ်ထဲက တေးသွား စာသားတွေ ဖြစ်ပါတယ်။        “ရင်ခွင်ပြောင်းချိန်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး မြင့်မိုး အောင်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ဇော်ဝင်းထွဋ်ရဲ့ ထွက်ရှိခဲ့ပြီးဖြစ်တဲ့ “မျှော်လင့် ချက်ကမ်းခြေ”တေးအယ်လ်ဘမ်ထဲမှာ ပါဝင်ခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။        ညီထွဋ်လို့ သိကြတဲ့ တေးသံရှင် ဇော်ဝင်းထွဋ်ဟာ ဇန်နဝါရီ ၂၁ ရက်က အသက် ၅၇ နှစ် ပြည့်သွားခဲ့ပြီဖြစ်ပြီး မြန်မာ့ဂီတလောကမှာ ရော့ခ်တခေတ်ကို ဦးဆောင်နိုင်ခဲ့သူ လို့ အသိအမှတ်ပြု ကြရပါတယ်။ အင်ပါယာအမည်နဲ့ ကိုယ်ပိုင်တေးဂီတအဖွဲ့တည်ထောင်ထားနိုင်ခဲ့တဲ့ ဇော်ဝင်း ထွဋ်ဟာ မာကျူရီည၊ အချစ်စွမ်းအင်၊ ကြယ်တံခွန်၊ လမ်းသစ်စတဲ့ တကိုယ်တော် တေး အယ်လ်ဘမ်တွေနဲ့ တေးဂီတလောကကို စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီတေးအယ်လ်ဘမ်တွေတုန်းကတော့ ပရိသတ်တွေ သိပ်မသိခဲ့ကြသေးပဲ နောက်ပိုင်း ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Bests Of Zaw Win Htut – အကောင်း ဆုံးတေးများကတော့ သူ့ကို အောင်မြင်တဲ့ ရော့ခ်စတားတဦးအဖြစ် ရောက်ရှိသွားစေခဲ့ ပါတယ်။ အဲဒီနောက်မှာတော့ ဇော်ဝင်းထွဋ်ဟာ တကိုယ်တော်အနေနဲ့ရော၊ အဖွဲ့လိုက် တေးအယ်လ်ဘမ်တွေမှာပါ သီချင်းပေါင်းများစွာကို သီဆိုအောင်မြင်ခဲ့ပါတယ်။ ဝါရင့်တေးပြုစာဆို ရွှေတိုင်ညွှန့်ရဲ့ မြေး၊ မြန်မာသံအဆိုတော် ထားရဲ့ ရင်သွေး တဦးအဖြစ် လူသိများတဲ့ သူ့ရဲ့ သီချင်းတွေထဲက အနှိုင်းမဲ့၊ အချစ်များသူ့ဆီမှာ စတဲ့ သီချင်းတွေကတော့ တကယ့်ကို ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ “ကိုယ်မျှော်လင့်တဲ့ ကြယ်ကလေးရယ်… အရောင်တွေစုံပြီဆိုပေမယ့်… လောက ကြီးက နက်မှောင်လွန်းတော့… တိမ်ညိုတွေ ကွယ်နေလည်း… လင်းလက်သွားစေ အမြဲ… ဒီရင်ထဲမှာ ဆုတောင်းနေမယ်… ဒီအချိန်မှာ နောက်လှည့်ကြည့်မနေနဲ့တော့… လောကထဲကို သွားဖို့… ခြေလှမ်းတို့ အသင့်ပြင်ထားတော့… နှုတ်ဆက်မနေနဲ့… မေတ္တာ တရားဆိုတာ တချိန်မှာ စွန့်လွှတ်ခြင်းကြုံမှာ သိပြီးသားပါ” ခုလက်ရှိ ထွက်ရှိလာတဲ့ ဒီသီချင်းထဲမှာတော့ ဇော်ဝင်းထွဋ်ရဲ့ ဟန်အတိုင်း အင်အားပါပါ သီဆိုဟန်နဲ့ သူ့ရဲ့ သီဆိုမှုကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013