တပ်မတော် ထောက်ခံသူတွေ ဆန္ဒကြမယ်ဆိုတဲ့ သတင်းကြောင့် အမေရိကန်သံရုံရှေ့မှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။
ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း မြန်မာ့တပ်မတော်ကို ထောက်ခံတဲ့သူတွေနဲ့ ရဟန်းသံဃာ ရာချီလောက် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အရှေ့မျက်နှာစာကြေးသွန်းဘုရားရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲပြီးဆုံးပြီး ရလဒ်ထွက်ပေါ်လာချိန်က စတင်ကာ ရွေးကောက်ပွဲကော်မရှင်ကို အလိုမရှိကြောင်းနဲ့ မြန်မာ့တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲတွေကို မြို့အသီးသီးမှာ အစုအဖွဲ့လိုက်သာမက တစ်ကိုယ်တော်အနေနဲ့ပါ ဆက်တိုက်ပြုလုပ်နေကြတာပါ။
ထက်ဝေအောင်