ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတစ်ခု ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
ကြိုတင်ခွင့်ပြုချက်မပါဘဲပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ရာနဲ့ချီတဲ့ လူတွေက မြန်မာနိုင်ငံအလံတွေ ကိုင်ဆောင်ပြီး ကမ္ဘာဘုရားလမ်းမှ တစ်ဆင့် ဦးထောင်ဘိုလမ်း ၊ ရေတာရည်လမ်းဟောင်း မှတဆင့် ကြားတောရလမ်း သို့ချီတက်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက " မှန်ကန်မှုမရှိသောရွေးကောက်ပွဲရလဒ် အလိုမရှိ"၊ " မဲမသာမှုများ ဖော်ထုတ်ရေး ဒို့အရေး" ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အလိုမရှိ" စတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။
Photo - Myo Min Soe / MPA