ရန်ကုန်တိုင်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ Sky star hotel ရှေ့မှာ ဇန်နဝါရီ ၂၅ ရက်နေ့လယ်ပိုင်းက တပ်မတော်ထောက်ခံကြောင်းနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သူတွေထဲက အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
တကိုယ်တော်ဆန္ဒပြဖို့သာ ခွင့်ပြုမိန့်တင်ထားပေမယ့် ဝန်းရံသူတွေက ကြိုတင် ဆန္ဒပြခဲ့ကြတာကြောင့် ဝန်းရံသူများပြားခဲ့ပြီး အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲပြီးအချိန်ကစပြီး ရွေးကောက်ပွဲအငြင်းပွားမှုကိစ္စ တပ်မတော်ကို ထောက်ခံပွဲတွေ တိုင်းနဲ့ပြည်နယ်မြို့နယ်အချို့မှာ ပြုလုပ်လာကြတာပါ။
Photo - MPA