တောင်သာတွင် ကလေး ၂ ဦးအပါအဝင် ကိုဗစ်လူနာ ၃၇ ဦး ထပ်မံတွေ့ရှိ
DVB
·
January 23, 2021
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့မှာ ဇန်နဝါရီ ၂၂ ရက်က တစ်ရက်တည်း ၃ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၄ ဦး ကိုဗစ်ပိုးတွေ့ရှိတာလို့.မြို့နယ် ကိုဗစ်ကော်မတီက သိရပါတယ်။
ဒေသစုံက နေရပ်ပြန်လာပြီး ကွာရန်တင်းဝင်နေတဲ့ CBFQ က စောင့်ကြည့်လူနာ ၂၁၀ ဦးရဲ့ swab တွေကို ဇန်နဝါရီ ၂၁ ရက်က မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့စစ်ဆေးရာမှ နမူနာ ၁၀၀ ကျော်စစ်ဆေးမှုအဖြေမှာ ၃၆ ဦးနဲ့ အနံ့ပျောက် လူနာ ၁ ဦး စုစုပေါင်း ၃၇ ဦး ပိုးတွေ့ရှိတာပါ။
ပိုးတွေ့လူနာတွေကို ကွာရန်တင်းစင်တာတွေကနေ တောင်သာမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ ဆေးကုသထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့ထိ တောင်သာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၈၅ ဦး ရှိပြီလို့ ကိုဗစ်ကော်မတီက သိရပါတယ်။
ဇာဇာမောင်