ဇန်နဝါရီ ၁၁ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
January 11, 2021
ဇန်နဝါရီ ၁၁ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၃၈.၈ ကျပ်၊ ၁ ယူရိုငွေကို ၁၆၃၃.၁ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၀၀၇.၂ ကျပ်၊ ဂျပန်ယန်း ၁၀၀ ကို ၁၂၈၆.၄ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၀၆.၈၀ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၃၁.၁၄ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၄.၄၇ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁,၃၂၆,၅၀၀ ကျပ်၊ ဝယ်ဈေးကတော့ ၁,၃၂၄,၅၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၈၅၃ ဒေါ်လာ ဈေးပေါက်ပါတယ်။
(ကိုးကား - ရွှေစင်အကယ်ဒမီ)