နတ်မောက်တွင် ကောက်ရိုးတင်ကား မီးလောင်မှုကြောင့် ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
DVB
·
January 4, 2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ အိုင်ဇောက်ကျေးရွာအနီးမှာ ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက ကောက်ရိုးတင်ဆောင်လာတဲ့ ကားတစ်စီး မီးလောင်ကျွမ်းပြီး အမျိုးသား ၁ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နတ်မောက်မြို့မရဲစခန်းကနေ သိရပါတယ်။
ကောက်ရိုးတင်ဆောင်လာတဲ့ ဒိုင်နာ အဖြူရောင်မော်တော်ယာဥ်ဟာ အိတ်ဇော အပူချိန်လွန်ကဲရာကနေ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မြိုနယ်မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင် ၁၅ ယောက်၊ မီးသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၂ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့ နတ်မောက်မြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့အတွက် ၁၅ သိန်ကျပ်ဖိုးခန့် ဆုံးရှုံးခဲ့ပြီးတော့ ယဥ်ပေါ်ပါလာတဲ့ အမျိုးသာ ၅ ဦး ထိခိုက်ဒာဏ်ရရာရှိခဲ့လို့ နတ်မောက်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲက ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားတစ်ယောက်အား မကွေးတိုင်းပြည်သူ့ဆေးရုံ လွှဲပြောင်းကုသရာမှာ ည ၁၁ နာရီလောက်က သေဆုံးခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ ယာဥ်မောင်း ဖိုးပြုံး(ခ)သိုင်းထက်ဇော်ကို နတ်မောက်မြို့မရဲ့စခန်းမှာ မီးပေါ့ဆမှု၊ ယာဥ်မဆင်မခြင်မောင်းနှင်တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိ၊ သေဆုံးမှုတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ နတ်မောက်မြို့မရဲစခန်းကနေ သိရပါတယ်။
သတင်း-မင်းထီး