မီဒီယာသမားများ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန် တပ်မတော်ဖိတ်ခေါ်
DVB
·
December 30, 2020
မီဒီယာသမားတွေအနေနဲ့ တပ်မတော်နဲ့အတူလက်တွဲပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ကြဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားလိုက် ပါတယ်။
ဒီဇင်ဘာ ၃၀ ရက် ဒီကနေ့မွန်းလွဲပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားလိုက်တာပါ။
“ဘယ်လိုပဲပြောပြော နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်တဲ့အခါမှာတော့ ခင်ဗျားတို့ မီဒီယာထဲမှာလည်း အသက်မီတဲ့ လူတွေလည်း နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရင် ကျနော်တို့နဲ့အတူ လက်တွဲတာဝန်ထမ်းဆောင်လို့ရပါတယ်။”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စစ်မှုမထမ်းမနေရဥပဒေကို မြန်မာနိုင်ငံမှာ အမှန်တကယ်ကျင့်သုံးဖို့ ရှိမရှိနဲ့ မေးမြန်းချက်နဲ့ ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။