ကိုဗစ်-၁၉ လူနာများအတွက်ဆေးရုံ We Love Yangon အဖွဲ့က တည်ဆောက်နေ (ဓာတ်ပုံ)
DVB
·
December 29, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ထားရှိနိုင်မယ့် ခုတင် ၃၀၀ ဆံ့ဆေးရုံတစ်ရုံကို We Love Yangon ရန်ကုန်အခြေပြု ပရဟိတအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် လှော်ကားလမ်းမကြီးဘေးမှာ တည်ဆောက်နေပါတယ်။
ဆေးရုံတည်ဆောက်ရေးကော်မတီ ခေါင်းဆောင် ဦးဆန်းကြူက "ယာယီအဆောက်အအုံ မဟုတ်ဘူး ဆေးရုံပေါ့။ မတတ်နိုင်တဲ့သူတွေကို အခမဲ့ကုသပေးမယ့်ဆေးရုံ လက်ရှိတော့ ကိုဗစ်အတွက် ပထမအဆင့်အနေနဲ့ ဦးစားပေးဆောင်ရွက်နေတာပေါ့။ ၅ လပိုင်းကုန်လောက်ဆို ဖွင့်နိုင်ဖို့ရည်မှန်းထားတယ်"လို့ ပြောပါတယ်။
အဆိုပါဆေးရုံဟာ ၉ ဧကနီးပါးကျယ်ဝန်းပြီး We Love Yangonက ဘတ်ဂျက်နဲ့ တည်ဆောက်နေတာဖြစ်ပြီး ဆေးရုံတည်ဆောက်ပြီးစီးသွားပါက အခြေခံလူတန်းစားတွေ အခမဲ့ကုသခွင့်ရှိမယ်လို့ သိရပါတယ်။
Photo - Ye Myo Khant / MPA