ချင်းပြည်နယ် ဟားခါးတွင် ရေခဲနေ (ဓာတ်ပုံ)
DVB
·
December 20, 2020
အပူချိန်ရေခဲမှတ်အောက် ရောက်သွားတဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ ရေတွေခဲနေပြီ ဖြစ်ပါတယ်။
အိမ်တံစက်မြိတ်တွေမှာ တွဲကျနေတဲ့ ရေခဲတွေ ရှိနေပြီး စိုက်ခင်းက သီးနှံတွေမှာလည်း ရေခဲတွေ အပြင်လိုက်ကပ်နေတာကို တွေ့ရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၁၉ ရက် ထူးခြားတဲ့ ညအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ အနုတ် ၅ ဒီဂရီစင်တီဂရိတ်၊ မင်းတပ်မြို့၊ တီးတိန်မြို့၊ ရမ်ကလောင်းနဲ့ မိုးကုတ်မြို့တို့မှာ ၅ ဒီဂရီစင်တီ ဂရိတ်စီနဲ့ ကျောက်မဲမြို့၊ ပြင်ဦးလွင်မြို့တို့မှာ ၆ ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဒီလိုအချိန်တွေ အမြဲအေးပေမယ့် ဒီနှစ်လောက် အအေးမပိုဖူးဘူးလို့ ဟားခါး ဒေသခံတယောက်က ပြောပါတယ်။
ဓာတ်ပုံ - Albert ThangShing Mang, Vanpar Mawi