နွားထိုးကြီး မြို့နယ်ဆရာဝန်ကြီးအပါအဝင် ဝန်ထမ်း ၂၁ ဦး ကွာရန်တင်းဝင်
DVB
·
December 15, 2020
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမှာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း အမျိုးသား ၁ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိတာကြောင့် မြို့နယ်ဆရာဝန်ကြီးအပါအဝင် ဝန်ထမ်း ၂၁ ယောက်လုံး ဆေးရုံမှာ ကွာရန်တင်းဝင်နေတယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ဦးက ပြောပါတယ်။
ပြည်သူ့ကျန်းမာရေးဌာနက အမျိုးသားဝန်ထမ်း တစ်ယောက်ဟာ ကလေးနေမကောင်းတာကြောင့် မြင်းခြံဆေးရုံမှာ ဆေးခန်းသွားပြပြီး အပြန် အနံ့မရတာမို့ စစ်ဆေးရာက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဝန်ထမ်းနဲ့ ထိတွေ့ခဲ့တဲ့ မြို့နယ်ဆေးရုံမှ ဆရာဝန်ကြီးနဲ့ ပြည်သူ့ကျန်းမာ ရုံးစာရေး ၁၂ ဦး၊ ဆေးရုံ စာရေးကြီးရုံးခန်းက ဝန်ထမ်း ၈ ဦးဟာ ဒီဇင်ဘာ ၁၃ ရက်ညက ကွာရန်တင်း ဝင်နေကြတာဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှာ RDT (ပထမအကြိမ်)စစ်ဆေးချက်အရ negative ထွက်ရှိပြီး ကျန်းမာရေးကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။
ပိုးတွေ့ ကျန်းမာရေးဝန်ထမ်းရဲ့ ဇနီးဖြစ်သူဟာလည်း သားဖွားဆရာမဖြစ်တာကြောင့် ဆရာမ တာဝန်ကျရာ ငှက်ပျောအိုင်ကျေးရွာမှ ထိစပ်သူ အယောက် ၃၀ လည်း ကွာရန်တင်းဝင်ရ ပါတယ်။
သတင်း - ဇာဇာမောင်(CJ)