Homeမြန်မာသတင်း
ဘရာဇီးနိုင်ငံ၌ လူမည်း ၁ ဦး ဝိုင်းအရိုက်ခံရပြီးသေဆုံးသွားသဖြင့် ဆန္ဒပြပွဲများဖြစ်ပွားနေ
ဘရာဇီးနိုင်ငံ၌ လူမည်း ၁ ဦး ဝိုင်းအရိုက်ခံရပြီးသေဆုံးသွားသဖြင့် ဆန္ဒပြပွဲများဖြစ်ပွားနေ
DVB
·
November 24, 2020
ဘရာဇီးနိုင်ငံတောင်ပိုင်း ပေါ်တို အလေဂရေမြို့ရှိ ကာဖူးဆူပါမားကတ်ထဲမှာ နိုဝင်ဘာ ၁၉ ရက်က လုံခြုံရေးအစောင့်တွေက အသက် ၄၀ အရွယ် လူမည်းအမျိုးသား ၁ ယောက်ကို ဝိုင်းရိုက်ရင်း သေဆုံးမှု ဖြစ်အပြီးမှာ နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပါတယ်။
အဆိုပါလူမည်းအမျိုးသားက ဆိုင်ဝန်ထမ်းကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့လို့ လုံခြုံရေး အဖွဲ့ဝင်တွေကို ခေါ်ခဲ့ရာက လူသေမှု ဖြစ်ခဲ့တာလို့ အခင်းဖြစ်ရာ ရီယိုဂရန်ဒီဒိုဆူးလ်ပြည်နယ် စစ်ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဂလိုဘိုနယူးစ်သတင်းမှာ ဖော်ပြပါတယ်။
၂၀၁၉ အစိုးရ ကိန်းဂဏန်းတွေအရ ဘရာဇီးနိုင်ငံထဲမှာ လူမည်းတွေဟာ လူသတ်မှု ဓားစာခံဖြစ်နိုင်ခြေ ၃ ဆနီးပါး ပိုရှိနေတယ်လို့ သိရပါတယ်။