ရန်ကုန်စည်ပင်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၁ ဦးရှိလာ
နေလင်းအောင်
·
November 23, 2020
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အတည်ပြုလူနာ ၉၁ ဦးရှိပြီး Quarantine ၀င်ရောက်နေသူ ၁၆၅ ဦးရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်၀န်ဦးစိုးလွင်က ပြောပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ ၀န်ထမ်းအရေအတွက် ၁၈,၀၀၀ နီးပါးရှိပြီး အရာရှိ၀န်ထမ်းက ၈၀၀ နီးပါး ရှိပါတယ်။
လက်ရှိ ရုံးလုပ်ငန်းတွေကိုတော့ ကျန်းမာရေး၀န်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာပြီး လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်၀န်ဦးစိုးလွင်က ဆိုပါတယ်။
ကိုဗစ်ကာလအတွင်း ကျောက်တံတားမြို့နယ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးရှိတဲ့ ရန်ကုန်ကုန်မြို့တော်ခန်းမ၊ ဘဏ်လမ်းထဲက အဆောက်အအုံဌာနရှိတဲ့ ဆယ်ထပ်ရုံးနဲ့ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ ၁၂ ထပ်ခွဲရုံးတွေကို အပြင်လူလုံး၀မ၀င်ရဘူးလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။