ရန်ကုန်က မိုးညှင်းကိုပြောင်းလာသည့် ရဲဝန်ထမ်း ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
November 22, 2020
ရန်ကုန်ရဲတပ်ရင်းကနေ ကချင်ပြည်နယ် မိုးညှင်းမြို့ကို ပြောင်းရွှေ့လာတဲ့ ရဲဝန်ထမ်း ၁ ဦးမှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိတဲ့အတွက် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းမှာ မိုးညှင်းခရိုင်ဆေးရုံ သီးသန့်ဆောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာဖြူလေးဝေက "သူတို့ ၉ ယောက်အုပ်စု မိုးညှင်းကို ၁၈ ရက်နေ့ကရောက်တယ်၊ ကွာရန်တင်းစင်တာမှာထားတယ်။ သူတို့နဲ့အတူ ကားစီးလာတဲ့ ရွှေကူကရဲ ဝန်ထမ်းမှာပိုးတွေ့တော့ ဆက်စပ်ထိတွေ့မှုနဲ့ သူတို့ကိုလည်း ဒီနေ့ Test Kit နဲ့ စစ်ဆေးတာ တယောက်မှာ ပိုးတွေ့တာပါ” လို့ ပြောပါတယ်။
မိုးညှင်းခရိုင်ဆေးရုံကြီးမှာ ကားသမား ၂ ဦးအပါအဝင် စုစုပေါင်း ပိုးတွေ့လူနာ ၄ ဦး ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
မိုးညှင်းမြို့နယ်ဟာ Stayat Home သတ်မှတ်ခံထားရတာဖြစ်ပြီး ကွာရန်တင်းစင်တာတွေမှာ ၂၀၀ ကျော်နဲ့ နေအိမ်စောင့်ကြည့်ကန့်သတ်ထားသူ ၁၀၀ ကျော် စုစုပေါင်း၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
မုန်းမုန်းမင်း