မင်းလှတွင် ကိုဗစ်-၁၉ လူနာသစ် ၈ ဦး ထပ်မံတွေ့ရှိ
DVB
·
November 20, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၈ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Quarantine ဝင်နေသူ အယောက် ၁၀၀ ရဲ့ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးထားရာမှာ ၄၈ ဦးရဲ့ ဓာတ်ခွဲအဖြေသာသိရသေးပြီး ၈ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
လူနာသစ် ၈ ဦးကို မင်းလှဆေးရုံမှာပဲ ဆေးကုသပေးသွားမယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ နေ့လယ်အထိ မင်းလှမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၄ ဦးနဲ့ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းသူ ၁၅၃ ဦး ရှိသွားပြီဖြစ်ပါတယ်။
ပဲခူးတိုင်းအတွင်းမှတော့ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ အတည်ပြုလူနာ ၃၈၆၃ ဦးရှိလာပြီး လက်ရှိဆေးရုံတွေမှာ ကုသပေးနေသူ ၆၃၉ ဦးနဲ့ သေဆုံးလူနာ ၇ ဦးထိ ရှိလာပြီလို့ ပဲခူးကျန်းမာရေးဦးစီးဌာနက သိရပါတယ်။