ဧရာ၀တီတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၁၀၀ ထပ်တိုး၊ အတည်ပြုလူနာပေါင်း ၂,၀၀၀ ကျော် ရှိလာ
DVB
·
November 18, 2020
ဧရာဝတီတိုင်းဒေသကြီးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ကိုဗစ်-၁၉ လူနာသစ် အယောက် ၁၀၀ ထပ်တိုးခဲ့ပြီး အတည်ပြုလူနာပေါင်း အယောက် ၂,၀၃၀ ရှိလာပြီလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဧရာ၀တီတိုင်းမှာ ထပ်တိုးခဲ့တဲ့ အတည်ပြုလူနာသစ်တွေကတော့ ကျုံပျော်မြို့နဲ့ ကျိုက်လတ်မြို့မှာ ၂၂ ယောက်စီ၊ ဖျာပုံမှာ ၁၄ ယောက်၊ ပုသိမ်မှာ ၉ ယောက်၊ လပွတ္တာနဲ့ ဒေးဒရဲ မှာ ၈ ယောက်စီ၊ ရေကြည်မှာ ၄ ယောက်၊ ကျောင်းကုန်းနဲ့ ဘိုကလေးမှာ ၃ ယောက်စီ၊ မော်ကျွန်းနဲ့ ဟင်္သာတမှာ ၂ ယောက်စီနဲ့ မအူပင်၊ မြောင်းမြနဲ့ မြန်အောင်စတဲ့မြို့နယ်တွေမှာ ၁ ယောက် စီတွေ့ရှိခဲ့တာပါ။
ဧရာ၀တီတိုင်းမှာ အတည်ပြုလူနာအများဆုံးတွေ့ရှိထားတဲ့မြို့နယ်တွေကတော့ မအူပင်မြို့နယ်မှာ အများဆုံးတွေ့ရှိထားပြီး အဲ့နောက်မှာ အများဆုံးကတော့ ပုသိမ်မြို့နယ်နဲ့ ဖျာပုံမြို့နယ်တို့ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၂,၀၃၀ တွေ့ရှိလာတဲ့ ဧရာ၀တီတိုင်းမှာ ရောဂါသက်သာလာလို့ ဆေးရုံဆင်းခွင့်ရရှိသူ ၁,၄၁၀ ယောက်ရှိပြီး သေဆုံးသူ ၄ ယောက်ရှိတယ်လို့ သိရပါတယ်။
သတင်း-မင်းထက်မုန်း (ပုသိမ်)