ဆွိတီသီချင်းကို မေလသံစဉ် ပြန်လည်သီဆိုထားသည့် “အချစ်ဆိုတာ”သီချင်း(ရုပ်သံ)
DVB
·
November 17, 2020
“အချစ်ဆိုတာ ငါသိလိုက်တဲ့အခါ ကောင်းကင်မှာ ကြယ်တွေကြွေတဲ့ည… အချစ်ဆိုတာ ငါကြားလိုက်တဲ့အခါ… ငါ့ရင်မှာ နာကျင်ကြေကွဲသွား”
ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “အချစ်ဆိုတာ”သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။
ဒီသီချင်းကိုတော့ တေးရေး ကိုအောင်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး တေးသံရှင် ဆွိတီက သူ့ရဲ့ “စိတ်ကူးများနဲ့ကျွန်မ” တေးအယ်လ်ဘမ်ထဲမှာ သီဆိုထားခဲ့တာ ဖြစ်ပါ တယ်။
ခုတခါမှာတော့ လူငယ်မျိုးဆက်သစ် တေးသံရှင် မေလသံစဉ်ရဲ့ ဆန်းသစ်သီဆို ဟန်နဲ့ ပြန်လည် ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
“ဒဏ္ဍာရီများလည်း မဟုတ်ဘူးနော်… ငယ်ရွယ်သူလျှောက်ခဲ့တဲ့လမ်းပေါ်… ခုထိ နားမလည်နိုင်သေးတဲ့အကြောင်းရယ်… ရင်ခုန်မိတာ အိပ်မက်မဟုတ်ဘူးနော်… ဘယ်သူ တွေ ဝိုင်းဖျက်ဆီးနိုင်မလဲ… ရင်ဆိုင်မယ် နောက်မဆုတ်တော့ဘူးပေါ့… စွန့်ပစ်သွားမှာကို စိုးရွံ့မိခဲ့… နေရာတိုင်းမှာ မင်းအရိပ်တွေ ချည်းပေါ့… စွန့်ပစ်သွားမှာကို စိုးရွံ့မိခဲ့… နေရာတိုင်းမှာ မင်းအရိပ်တွေ ချည်းပေါ့”
ကာဗာသီချင်းတွေကို သီဆိုရင်း အင်တာနက်စာမျက်နှာတွေပေါ်မှတဆင့် ပရိသတ်တွေ ရင်ထဲရောက်ရှိလာခဲ့တဲ့ မေလသံစဉ်ဟာ ငယ်ငယ်ကတည်းက ဂီတကို ဝါသနာ ပါခဲ့ပြီး စန္ဒရား၊ ဂစ်တာစတဲ့ တူရိယာတွေကို ကိုယ်တိုင်တီးခတ်ပြီး ဖျော်ဖြေလေ့ရှိသလို သီချင်းတွေကို ရေးဖွဲ့နိုင်တဲ့ တေးရေးတယောက်လည်း ဖြစ်ပါတယ်။
ချစ်စဖွယ်သွင်ပြင်နဲ့ မူဟန်ပိုပို သရုပ်ဆောင်နိုင်တဲ့ မေလသံစဉ်ဟာ မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲအတွက် ရွှေကြိုမောင်မယ်ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး Grand Final အဆင့်ထိ တက် ရောက်ခွင့်ရခဲ့ပေမယ့် အဘိုးဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ပထမဆုံး တကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်တဲ့ Celebrity တေးအယ်လ် ဘမ်၊ သီချင်း ၂ ပုဒ်ပါ လူကြီးကိုရစ်ခွင့်ပေးပါစတဲ့ တေးအယ်လ်ဘမ်တွေအပြင် တကိုယ် တော် ဆင်ဂယ်လ် သီချင်းတွေဖြစ်တဲ့ နတ်သားပုံပြင်၊ ကိုယ်ချင်းစာ စတဲ့ သီချင်းတွေဟာ လည်း ထင်ရှားပါတယ်။
သိပ်မကြာခင်က နောက်ဆုံးထွက်ရှိထားတဲ့ မြန်မာသံစဉ်တေးသီချင်းဟောင်း တွေကို ပြန်လည်ခံစားသီဆိုထားတဲ့ “ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်” တေး အယ်လ်ဘမ်ဟာလည်း ပရိသတ်တွေကြား ရေပန်းစားတဲ့ တေးအယ်လ်ဘမ်တချပ်ဖြစ်ခဲ့ပါ တယ်။
ခုတခါ “အချစ်ဆိုတာ”သီချင်းကိုတော့ Runner တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ သီဆိုထားခဲ့တာ ဖြစ်ပါတယ်။
ဇာတ်လမ်းသရုပ်ဖော် မြူးဇစ်ဗီဒီယိုအနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီသီချင်းရုပ်သံ ထဲမှာတော့ မေလသံစဉ်နဲ့အတူ မော်ဒယ်သရုပ်ဆောင် ထွန်းဝီရက အတွဲညီညီ ပါဝင်သ ရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။