Home
မြန်မာသတင်း
ရန်ကုန်တွင် အခက်အခဲဖြစ်နေသည့် ရခိုင်တိုင်းရင်းသားများကို ပထမဆုံးအကြိမ် နေရပ်ပြန်ခေါ်
DVB
·
November 15, 2020
Rakhine Migrants goback
ရန်ကုန်မှာ ကိုဗစ်ကာလ စက်ရုံအလုပ်အရုံတွေ ရပ်နားလိုက်တာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲကြုံနေရတဲ့ ရခိုင်ရွှေ့ပြောင်းလုပ်သားအချို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်နိုင်ရေး အခက်အခဲဖြစ်နေသူတွေကို နိုဝင်ဘာ ၁၃ ရက်နေ့ညနေက ပထမဆုံးအကြိမ် ရန်ကုန် လေးဝတီကုလရက္ခိတအသင်းက ဦးဆောင်ကာ နေရပ် ပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ရန်ကုန်မှ မိမိနေရပ်ကို ပြန်လည်လာရောက်မဲ့သူတွေ လက်ခံနိုင်ရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူ အသီးသီးကို တင်ပြကာခေါ်ယူခဲ့တာဖြစ်သလို ရောက်ရှိလာတဲ့သူတွေကိုလည်း ကျန်းမာရေးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကွာရန်တင်းထားရှိပြီး နေထိုင်စားသောက်ဖို့အတွက်ကိုလည်း ကျောက်ဖြူမြို့ လေးဝတီကုလရက္ခိတပရဟိတအသင်းနဲ့ ဘောလန်ဒီယမ်အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ထားတယ်လို့ ကျောက်ဖြူမြို့ လေးဝတီကုလရက္ခိပရဟိတအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီးက ပြောပါတယ်။ ရန်ကုန်မှ နေရပ်ပြန်လာကြတဲ့သူတွေထဲမှာ ကျောက်ဖြူမြို့နယ်က ၇၄ ဦးနဲ့ ရမ်းဗြဲမြို့နယ်က ၅၁ ဦးတို့ပါဝင်ပြီး ရန်ကုန်က ခရီးသည်တင်မော်တော်ယာဉ်တွေနဲ့ ပထမဆုံးအကြိမ်ခေါ်ယူခဲ့တာပါ။ နေရပ်ပြန်ရောက်ရှိလာသူတွေအနေနဲ့ ကွာရန်တင်းစင်တာမှာ ၁ ပတ်လောက် နေထိုင်ရမှာဖြစ်ကာ ကိုဗစ်-၁၉ ရောဂါရှိမရှိ ၂ ကြိမ် စစ်ဆေးခံယူရမယ်လို့ ဆိုပါတယ်။ သတင်း - နောင်နောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024