ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၁၀ ဦး၏ အမည်စာရင်း ကော်မရှင်အတည်ပြုထုတ်ပြန်
DVB
·
November 14, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀ ယောက်ရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၁၃ ရက် မွန်းတည့်ပိုင်း ထပ်မံ အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်
-ဦးရယ်ဒမ်းတန်၊ ကချင်ပြည်နယ်၊ နောင်မွန်မဲဆန္ဒနယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်
- ဦးချန်တန်ခင်၊ ကချင်ပြည်နယ်၊ နောင်မွန်း-၁၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
- ဦးမလောင်အောင်ရမ်၊ ကချင်ပြည်နယ်၊ နောင်မွန်း-၂၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
- ဒေါက်တာအောင်နိုင်ဝင်း၊ ရှမ်းပြည်နယ်၊ ဗမာတိုင်းရင်းသား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
- ဦးဇုတ်ဒေါင်၊ ရှမ်းပြည်နယ်၊ ကချင်တိုင်းရင်းသား၊ တသီးပုဂ္ဂလ
- ဒေါ်ခင်စန်းမြင့်(ခ)ယာန်ချီမီး၊ ရှမ်းပြည်နယ်၊ လီဆူးတိုင်းရင်းသား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
- ဦးယောသပ်၊ ရှမ်းပြည်နယ်၊ လားဟူတိုင်းရင်းသား၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ဦးလှိုင်(ခ)ဦးထွန်းလှိုင်(ခ)ဒေါက်တာထွန်းလှိုင်၊ ရှမ်းပြည်နယ်၊ အင်းသားတိုင်းရင်းသား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
- ဦးယာကုပ်၊ ရှမ်းပြည်နယ်၊ အာခါတိုင်းရင်းသား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
- ဦးတင်နု၊ ရှမ်းပြည်နယ်၊ ကယန်း(ခ)ပဒေါင်တိုင်းရင်းသား၊ ကယန်းအမျိုးသားပါတီ