မန္တလေးတိုင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများကို ငွေကျပ် သိန်း ၁၅၀ လှူဒါန်း
DVB
·
November 13, 2020
မန္တလေးတိုင်းမှာနေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကိုဗစ်-၁၉ ကာလအတွင်း အထောက်အကူ ဖြစ်စေဖို့အတွက် မန္တလေးတိုင်းအတွင်းက ရွေးကောက်ခံ နိုင်ငံရေးအကျဉ်းသားဟောင်း လွှတ်တော်ကိုယ်စားလှယ်တွေက စုပေါင်းပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မန္တလေးတိုင်း စွမ်းအင်လျှပ်စစ်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်တို့က နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကိုယ်စားပေးအပ်ခဲ့ရာမှာ ဦးမင်းထက်ငြိမ်းချမ်း၊ ဦးမောင်မောင်ဦး၊ ဦးစံညိမ်းဦး၊ ဦးတင်ကိုဦး၊ ဦးအောင်ဆန်းဝင်းတို့ က လက်ခံရယူခဲ့ပါသည်။
ထောက်ပံ့တဲ့အစီအစဉ်ကို မြို့နယ်အလိုက် မကြာခင်ရက်ပိုင်းအတွင်းဆောင်ရွက်သွားမယ်လို့ အလှူငွေ လက်ခံတဲ့အထဲမှာပါတဲ့ ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
မန္တလေးတိုင်းအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၇၅၀ ပတ်ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။
နိုင်လင်းဦး