Home
မြန်မာသတင်း
ကျောက်ဖြူတွင် မဲရုံဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့၊ ဆက်စပ်သူ ၃၀ ခန့် Quarantine ထားရှိ
DVB
·
November 12, 2020
124552910_1763795040434742_5513480267293262543_n
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက် မဲရုံတာဝန်ကျ မဲလက်မှတ် ထုတ်ပေးသူ ဆရာမ ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ဆက်စပ်ခဲ့တဲ မဲရုံဝန်ထမ်းတွေနဲ့ မိသားစုဝင် အပါအဝင် စုစုပေါင်း ၃၀ လောက်ကို Quarantine ထားရှိထားတယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က “စေတီယျရပ်ကွက်က မဲရုံက မဲလက်မှတ်ထုတ်ပေးတဲ့ ဆရာမပေါ့၊ သူက ရွေးကောက်ပွဲနေ့ကတည်းက အနံ့ပျောက်နေတယ်လို့ ပြောတယ်၊ အဲဒါကိုလည်းမပြောဘူး။ မပြောဘဲနဲ့ မဲလက်မှတ်တွေကိုလည်း ခဏတော့ ထုတ်ပေး လိုက်သေးတယ်လို့ ပြောတယ်။ ပြီးတော့သူ ကသွားပြီး အိပ်နေတယ်။ ၁၀ ရက်နေ့ကျမှ ဆေးရုံကိုရောက်လာပြီးတော့ ဆေးရုံမှာသတင်းပို့တော့ ၁၁ ရက်နေ့က Swab ယူပြီးစစ်လိုက်တော့ Positive ထွက်တာပေါ့။ အခုကတော့ သူနဲ့ဆက်စပ်ခဲ့တဲ့ မဲရုံဝန်ထမ်း ၂၅ ယောက်နဲ့ မိသားစုဝင်အပါအဝင် လူ ၃၀ လောက်ကို ဒီနေ့မှာ Quarantine ထားလိုက်တယ်” လို့ ပြောပါတယ်။ ကိုဗစ်ပိုးတွေ့ရှိတဲ့ မဲရုံလက်မှတ်ထုတ်ပေးသူ ဆရာမ တာဝန်ထမ်းဆောင်ခဲ့တဲ့ စေတီယျရပ်ကွက်မဲရုံမှာ မဲပေးခွင့်ရှိသူ ၁၇၀၀ ကျော်ခန့်ရှိပြီး ရွေးကောက်ပွဲနေ့မှာတော့ မဲဆန္ဒရှင် ပြည်သူ ၇၀၀ ကျော်က လာရောက်မဲပေးခဲ့တယ်လို့လည်း သိရပါတယ်။ ကျောက်ဖြူမြို့နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူ လူနာ ၃၅၀ ကျော်ထိရှိလာခဲ့ပြီး ကျန်းမာရေး ကောင်းမွန်ကာ သက်သာလာတဲ့အတွက် ဆေးရုံမှဆင်းခွင့်ရသူ အရေအတွက်ဟာလည်း ၃၄၀ ကျော်ထိ ရှိပြီလို့ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲမှ ရောဂါအခံမရှိဘဲ လူနာအမျိုးသား ၁ ယောက် သေဆုံးသွားခဲ့သလို နိုဝင်ဘာ ၉ ရက်နေ့မှာလည်း ကိုဗစ် အတည်ပြုလူနာတွေထဲက အသက် ၂၃ နှစ်အရွယ် တီဗီရောဂါအခံရှိတဲ့ အမျိုးသား ၁ ဦး သေဆုံးသွားခဲ့တယ်လို့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ သတင်း - နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024