ရွှေဘိုတွင် လွှတ်တော်သုံးရပ်လုံး အန်အယ်လ်ဒီ အနိုင်ရနေ
DVB
·
November 9, 2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမှာ မဲရေတွက်ပြီးစီးသမျှ ရလဒ်အရ လွှတ်တော်သုံးရပ်လုံး အန်အယ်လ်ဒီ အနိုင်ရနေတယ်လို့ ရွှေဘိုမြို့နယ် အန်အယ်လ်ဒီ အောင်နိုင်ရေးရုံးက သိရပါတယ်။
လက်ရှိအခြေအနေထိ ရွှေဘိုမှာ ကျေးရွာအုပ်စု ၇၈ စုအနက် အုပ်စု ၇၀ စာရင်း မဲအရေအတွက်ရ ရှိထားပြီး အမျိုးသားလွှတ်တော်အတွက် အန်အယ်လ်ဒီက ၁၁၅၇၇၇ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီက ၂၀၃၂၅ မဲ၊ ပြည်သူ့လွှတ်တော်နေရာမှာ အန်အယ်လ်ဒီ ပါတီက ၁၁၃၅၀၈ မဲ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၁၉၉၇၇ မဲ ရရှိထားတယ်လို့ သိရပါတယ်။
တိုင်းဒေသကြီးလွှတ်တော် ၁ မှာ အန်အယ်လ်ဒီပါတီက ၄၃၇၁၇ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ၉၇၆၆ မဲ၊ တိုင်းဒေသကြီးလွှတ်တော် ၂ မှာ အန်အယ်လ်ဒီ ပါတီက ၆၈၃၃၁ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၇၇၄၃ မဲ အသီးသီး ရရှိထားတယ်လို့ ရွှေဘိုမြို့နယ်အောင်နိုင်ရေးအဖွဲ့ က သိရတယ်။