သာပေါင်းမြို့နယ်တွင် အန်အယ်လ်ဒီ အနိုင်ရရှိ
DVB
·
November 9, 2020
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲတွေရေတွက်ရာ လွှတ်တော်နေရာ ၄ ခုစလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာအုပ်စု ၇၀ ရှိတဲ့အနက် ကျေးရွာအုပ်စု ၆၀ ရေတွက်ပြီးချိန်မှာ အန်အယ်လ်ဒီပါတီက မဲအရေအတွက် သောင်းနဲ့ချီကွာခြားပြီး အနိုင်ရရှိနေတာဖြစ်တယ်လို့ သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းထွန်းက ပြောပါတယ်။
မဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်မှသာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)