မင်းကင်းမြို့နယ်ရှိ ရပ်ကျေး မဲရုံ ၃ ရုံတွင် ဆန္ဒမဲပေးမှုပြီးစီး
DVB
·
November 8, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ နိုဝင်ဘာ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာပဲ မဲရုံ(၃)ရုံမှာ မဲပေးမှုပြီးစီးသွားပြီး မဲပေးမှုရာခိုင်နှုန်း ၄၂ ဒသမ ၇ ရာခိုင်နှုန်း ရှိတယ်လို့ မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုက ပြောပါတယ်။
မဲပေးမှုပြီးမြောက်သွားတဲ့ မဲရုံတွေကတော့ မိုးကောင်းအုပ်စု ဂွေးတောက်ကိုင်းရွာက မဲရုံအမှတ်(၃)၊ လင်းလုအုပ်စု မဟူရွာက မဲရုံအမှတ်(၄)နဲ့ ဝင်ဝဇနပုဒ်မဲရုံတို့ ဖြစ်ပါတယ်။
မင်းကင်းမြို့နယ်မှာ မဲပေးခွင့်ရှိသူပေါင်း ၈၈,၁၂၀ ရှိပြီး မဲရုံ ၁၃၃ ရုံထားရှိကာ မဲရုံဝန်ထမ်းဦးရေ ၁,၄၈၁ ရှိပါတယ်။
နိုဝင်ဘာ ၈ ရက် မွန်းတည့် ၁၂ နာရီအထိမှာ မဲဆန္ဒရှင် ၃၇,၆၂၃ လာရောက်မဲပေးပြီးပြီလို့ သိရပါတယ်။
မင်းကင်းမြို့နယ်မှာ နိုင်ငံရေးပါတီ ၄ ခု ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦး ဝင်ရောက်အရွေးချယ်ခံတာ ဖြစ်ပါတယ်။