Home
မြန်မာသတင်း
ဖားကန့်တွင် ဝက်ဝံကုတ်ခံရသည့် အမျိုးသား ၁ ဦး ဆေးရုံတင်ထားရ 
DVB
·
November 4, 2020
123322190_3455578044557006_8933952150350547990_n
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ နန့်စမ်း(၂)ကျေးရွာ အနီးမှာ ဝက်ဝံကုတ်ခံရလို့အမျိုးသား ၁ ဦး ဆေးရုံတင်ထားရတယ်လို့ ဖားကန့်အထွေထွေ အုပ်ချုပ်ရေးရုံးက သိရပါတယ်။  ဝက်ဝံကုတ်ခံရသူဟာ လုံးခင်းအုပ်စု နမ့်စမ်း(၂)ကျေရွာက ဦးမရန်နော်အောင် (ခ) ဂျာင အသက်(၅၀) ဖြစ်ပြီး မျက်ခုံး၊ လည်ပင်းနဲ့ဝမ်းဗိုက်တွေမှာ ဝက်ဝံ အကုတ်ခံထားရတာကြောင့် လုံးခင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဖားကန့်မြို့နယ် ထွေအုပ်ရုံးက သိရပါတယ်။  ရရှိတဲ့ ဒဏ်ရာတွေဟာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ဒဏ်ရာတခုကို သုံးချက်ကနေ ငါးချက်ထိ ချုပ်ရတယ်လို့လည်း ဆိုပါတယ်။  ဝက်ဝံကုတ်ခံရသူဟာ စိတ်ဝေဒနာအနည်းငယ်ခံစားနေရသူဖြစ်ပြီး ငှက်ထောင်တဲ့အလုပ် လုပ်ကိုင်တယ်လို့လည်း ရွာသားတွေဆီက သိရပါတယ်။ အခု ဝက်ဝံကုတ်ခံရတာဟာလည်း ငှက်ထောင်သွားရင်း ငှက်ထောင်ကိုင်းမှာ မိနေတဲ့ ဝက်ဝံကို ဖမ်းဖို့ ကြိုးစားရာက  ကုတ်ခံရတာလို့လည်း ရွာသားတွေက ဆိုပါတယ်။  ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်မှုကြောင့် သဘာဝတောတွေပြုန်းတီးလာလို့ တောရိုင်းတိရစ္ဆာန်တွေအန္တရာယ်ကျရောက်ရာမှာ အရင်ကတောဆင်ရိုင်းအန္တရာယ်သာရှိခဲ့ပြီး ဝက်ဝံ အန္တရာယ်ကျရောက်မှုကတော့ အခုဖြစ်စဉ်ဟာ ပထမဆုံးဖြစ်တယ်လို့ ဖားကန့်ဒေသခံ တူးရိန်က ပြောပါတယ်။  သတင်း - ဇော်မိုးထက် (ဖားကန့်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024