စစ်ကိုင်းအမှတ် ၃ အဏုဇီဝဆေးဝါးစက်ရုံဝင်းအတွင်း မီးလောင်
DVB
·
November 3, 2020
စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်းဘေး ချောင်းပေါက်ကျေးရွာရှိ အမှတ် ၃ အဏုဇီဝ ဆေးဝါးစက်ရုံဝန်းအတွင်းက ဆေးဝါးနဲ့ အလှကုန်ပစ္စည်းတွေသိုလှောင်ထားတဲ့ ဂိုထောင်တစ်လုံး နိုဝင်ဘာ ၃ ရက် မနက်အစောပိုင်းက မီးလောင်ခဲ့ပါတယ်။
ဂိုထောင်အခန်းမျက်နှာကြက်ရှိ ဝါယာကြိုးဟာ ဟောင်းနွမ်းနေပြီး အဲ့ဒီဝါယာအပေါက်တွေထဲကို မိုးရေယိုစိမ့်ရာက တစ်ဆင့် ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့တာလို့ ခရိုင်မီးသတ်တပ်ဖွဲ့ တာဝန်ရှိတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
မီးလောင်မှုကြောင့် အာစီတစ်ထပ်တိုက်အတွင်းရှိ ဆေးဝါးတွေနဲ့ အလှကုန်ပစ္စည်းတွေ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ လောက် ရှိတယ်လို့ စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး စက်မှုဝန်ကြီးဌာန ဆေးဝါးနှင့်စားသောက်ကုန် ထုတ်လုပ်ရေးလီမိတက်၊အမှတ်(၃)စစ်ကိုင်း ဆေးဝါးစက်ရုံက ဒါရိုက်တာဖြစ်သူကို စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း- ရဲနိုင်ဆွေ