Home
မြန်မာသတင်း
သံဖြူဇရပ်တွင် ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
November 2, 2020
Drugs
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၂;၀ဝ အချိန်က မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါးသတင်းအရ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေး သွားကားလမ်းမှာ ရေးမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက် စောမိုးမင်းဝင်း မောင်းနှင်လာတဲ့ ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးတွေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ ယာဉ်ပေါ် လက်ဆွဲအိတ်အတွင်းကနေ ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ် ဆေးပြား ၂၂၂၀ဝ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁၁၀ သိန်း)၊ မြန်မာငွေ ၅၀ဝ၀ဝ ကျပ်နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။  စောမိုးမင်းဝင်းကို သံဖြူဇရပ်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ Photo : CCDAC Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024