မင်းလှတွင် နှင်းဆီပါတီဝင် ၂၇၀၀ ကျော် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့်ပူးပေါင်း
DVB
·
October 30, 2020
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ ဖျက်သိမ်းခံခဲ့ရတဲ့ နှင်းဆီပါတီက အင်အား ၂၇၀၀ ကျော် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ထဲ ဝင်ရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
နှင်းဆီပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင်တွေ၊ ရပ်ကျေးစည်းရုံးရေးမှူးတွေ၊ အဖွဲ့ဝင်တွေ စုစုပေါင်း အင်းအား ၂၇၀၀ ကျော် ပူးပေါင်းခဲ့တာလို့ မင်းလှမြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအောင်နိုင်ရေးခေါင်းဆောင် ဦးတေဇညွန့်က ပြောပါတယ်။
“ကျနော်တို့နဲ့ အတွေးခေါ် အယူအစတွေတူပြီး ဒေသကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်မယ့် လူတွေဖြစ်တာကြောင့် နွေးထွေးစွာ ကြိုဆို၍ ပါတီဥက္ကဋ္ဌကြီး သူရရွှမန်းရဲ့လမ်းညွှန်မှုနဲ့ ပြည်သူကို ကတိပြုထားတဲ့ ၁၂ ချက်ကို ဒေသအတွင်းအ ကောင်အထည်ဖော်နိုင်အောင် ပူးပါင်းဆောင်ရွက်မယ်။”
နှင်းဆီပါတီရဲ့ မြို့နယ်အလုပ်အမှူဆောင် ဦးထွန်းတင့်အောင်က “ကျနော် UBP ပါတီကို ဝင်ရောက်ပူးပေါင်းဝန်းရံရတာဟာ ပါတီရဲ့လမ်းစဉ်မူဝါဒတွေ ကြိုက်နှစ်သတ်သလို ပါတီဦးဆောင်သူတွေကလည်း ကိုယ့်မြို့နယ် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မယ် ယုံကြည်တဲ့အတွက် ပူပေါင်းဝန်းရံရတာပါ” လို့ ပြောပါတယ်။
နှင်းဆီပါတီ ခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်နိုင်ငံရေးပါတီကနေ ပယ်ဖျက်ထားတာဖြစ်ပြီး ပါတီဥက္ကဋ္ဌကိုလည်း ထောင်ပြေးမှုနဲ့ စွဲချက်တင်စစ်ဆေးနေပါတယ်။
သက်နိုင်ဝင်း