Homeမြန်မာသတင်း
တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များကြောင့် တိုင်းနှင့်ပြည်နယ်အချို့ မိုးထစ်ချုန်းရွာနိုင်
တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များကြောင့် တိုင်းနှင့်ပြည်နယ်အချို့ မိုးထစ်ချုန်းရွာနိုင်
DVB
·
October 28, 2020
တိုင်ဖွန်းမုန်တိုင်း “မိုလေ့” ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ ဖြတ်သန်းလာနိုင်မှုကြောင့် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့ မွန်းလွဲ ၁ နာရီခွဲတိုင်းထွာချက်အရ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း “မိုလေ့” ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ ဖြတ်သန်းလာနိုင်တာကြောင့် တိုင်းနဲ့ပြည်နယ်အချို့မှာ အောက်တိုဘာ ၂၉ ကနေ နိုဝင်ဘာ ၅ ရက်နေ့အတွင်း မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။