Home
မြန်မာသတင်း
PNO မဲဆွယ်စည်းရုံးရေးလိုက်ပါခဲ့သည့် ယာဉ်မောင်း ၁ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ  
DVB
·
October 27, 2020
122624513_1287142008292565_5033376148360107991_o
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့မှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ မဲဆွယ်စည်းရုံးရေး အင်အားပြရာမှာပါဝင်ခဲ့တဲ့ ဟိုပုံးမြို့နေ ယာဉ်မောင်းတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ အဲဒီ ယာဉ်မောင်းဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်ကို ဖြတ်သန်းသွားလာဖို့ ဂိတ်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တွေကို Rapit Test Kit နဲ့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးရာမှ အောက်တိုဘာ ၂၆ ရက်က တွေ့ရှိတာလို့ဆိုပါတယ်။ ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာသူဇာချစ်တင်က “တွေ့တာကတော့ ရှမ်းအရှေ့ပိုင်း မိုင်းပျဉ်းမှာစစ်ရင်းနဲ့တွေ့တာပေါ့၊ ရှမ်းအရှေ့မှာ ကုန်စိမ်း သွားပို့တာလို့ပြောတယ်။ အဲဒီမတိုင်ခင်မှာ PNO ပါတီမဲဆွယ်စည်းရုံးရေးမှာပါဖူးတာပေါ့၊ ရန်ကုန် တို့မန္တလေးတို့ သွားခဲ့တဲ့ ရာဇဝင်မရှိဘူး၊ Content ရှိတဲ့ ရာဇဝင်လည်းမရှိဘူး မဲဆွယ်စည်းရုံးမှာပါသွားတယ် သူ့ကားမှာ တခြားလူတွေလည်းပါသွားတာပေါ့၊” လို့ ပြောပါတယ်။ လူနာကတော့ ရှမ်းရှေ့ မိုင်းပျဉ်းဆေးရုံမှာပဲဆေးကုသမှု ခံယူနေတာပါ။ အဲဒီယာဉ်မောင်းဟာ ဟိုပုံးမြို့မှာနေထိုင်သူဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်က  တာချီလိတ်မှာ တစ်ခေါက် သွားရောက်ခဲ့ပြီး စစ်ဆေးရာမှာပိုးမတွေ့ခဲ့ပဲ အခုတခေါက်မှတွေ့ရှိတာလို့ဆိုပါတယ်။ လူနာရဲ့မိသားစုဝင်တွေကို နေအိမ်မှာ အသွားအလာကန့်သတ်ထားပြီး မဲဆွယ်စည်းရုံးရေးသွားခဲ့တုန်းက ကားပေါ်ပါလာတဲ့သူအားလုံးကိုလည်း ကွာရန်တင်း ထားရှိကာ ဓာတ်ခွဲနမူနာ ယူဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးလုပ်တဲ့အခါမှာ ကျန်းမာရေးကထုတ်ပြန်တဲ့ စည်းကမ်းချက်ကို လိုက်နာဆောင်ရွက်ပေးဖို့ ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024