Home
မြန်မာသတင်း
ဗဟိုစည်ဆေးရုံဝန်ထမ်း ၃၁ ဦးနှင့် ဗဟိုစည်ဟိုတယ်က ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ
DVB
·
September 16, 2020
119729782_3476085215785320_8484395251027506826_n
119518679_3476085235785318_7403263839323119298_n
119473958_3476085339118641_6273122387589618012_n
119172610_3476085232451985_9210758351493028503_n
ရန်ကုန် လမ်းမတော်မြို့နယ်ရှိ ဗဟိုစည်အထူးကုဆေးရုံကဝန်ထမ်း ၃၁ဦးနဲ့ ဗဟိုစည် ဟိုတယ်က ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိကြောင်း လမ်းမတော်မြို့နယ်ကျန်းမာရေးဌာနက ဒီဗွီဘီကို ပြောပါတယ်။ သူတို့ကို လွန်ခဲ့တဲ့ ၆ ရက်လောက်က အသွားအလာကန့်သတ်ထားရာကနေ ဓာတ်ခွဲနမူနာယူ စစ်ဆေးရာက ရောဂါပိုးတွေ့ခဲ့တာလို့ ပြောပါတယ်။ လမ်းမတော်မြို့နယ် ဗဟိုစည်အထူးကုဆေးရုံက သူနာပြုအကူတစ်ဦးနဲ့ ဝန်ထမ်း ၂ ဦးမှာ စက်တင်ဘာ ၁၀ ရက်က ရောဂါပိုးတွေ့ရှိပြီးနောက် ဆေးရုံဝန်ထမ်းတွေမှာ ရောဂါပိုးထပ်ပြီး ကူးစက်ခံရတာဖြစ်ပါတယ်။ ပိုးတွေ့အမျိုးသား ၃ ဦးကတော့ ဗဟိုစည်အထူးကုဆေးရုံမှာ အချိန်ပိုင်းဝန်ထမ်းတွေဖြစ်တဲ့ သူနာပြုအကူ ၁ ဦး၊ လျှပ်စစ်ဝန်ထမ်း၊ အဲယားကွန်းပြင်ဝန်ထမ်းတို့ဖြစ်ကြပြီး သူတို့ ၃ ဦးဟာ နေမကောင်းလို့ အင်းစိန်ဆေးရုံ၊ သင်္ဃန်ကျွန်းဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးကို သွားရောက်ပြသ  စစ်ဆေးရာက ရောဂါတွေ့ခဲ့ရတာဖြစ်ကြောင်း၊ ဆေးရုံထဲမှာတွေ့တာ မဟုတ်ကြောင်း လမ်းမတော်မြို့နယ် ကျန်းမာရေးဌာနတာဝန်ရှိသူက ဆိုပါတယ်။ အခုထပ်တိုးလူနာတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာကိစ္စတွေ ဆက်လက်ဆောင်ရွက် နေကြောင်း သိရပါတယ်။ ဗဟိုစည်အထူးကုဆေးရုံကိုတော့ ပိုးစတွေ့ခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက  Lockdown ချထားပြီးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024