တောင်သာတွင် ၁ နှစ်သား ကလေးငယ်အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိ
DVB
·
October 25, 2020
မန္တလေးတိုင်း၊ တောင်သာမြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့က ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
ပိုးတွေ့လူနာတွေဟာ ရန်ကုန်က ပြန်လာသူပြီး ကွာရန်တင်းထား စောင့်ကြည့်နေသူတွေဖြစ်ပြီး အာခေါင်တို့ဖတ် စစ်ဆေးရာမှ ပိုးတွေ့ခဲ့တာပါ။
၁ နှစ်အရွယ် ကလေး ၁ ဦး၊ ၆၀ ကျော် ၂ ဦးနဲ့ အသက် ၂၀ ကျော်အရွယ် ၁၀ ဦးဖြစ်တယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာတွေဟာ ပေါက်ကံကျေးရွာက ၆ ဦး၊ ရေလည်ကျေးရွာက ၇ ဦးဖြစ်ပြီး တောင်သာဆေးရုံမှာ ၁၀ ဦးနဲ့ ရုံးစည်ကြီးတိုက်နယ်ဆေးရုံမှာ ၃ ဦး ကုသပေးထားပါတယ်။
တောင်သာမြို့နယ်မှာ အောက်တိုဘာ ၂၄ ရက်နေ့ထိ ကိုဗစ်လူနာ ၃၆ ဦးရှိတဲ့အနက် ၂၁ ဦး ဆေးရုံဆင်းသွားပြီဖြစ်ပြီး ကျန် ၁၅ ဦးကတော့ ကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။
သတင်း - ဇာဇာမောင်(CJ)၊ ဓာတ်ပုံ - soepaing၊ ThartunAye