ကိုဗစ်-၁၉ လူနာသစ် ၁,၃၀၆ ဦးတွင် ရန်ကုန်က ၁,၀၀၈ ဦး၊ အနံ့မရသူ ၃၇၀ ဦး ပါဝင်
DVB
·
October 21, 2020
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၀၆ ယောက်ထဲမှာ ရန်ကုန်တိုင်း က ၁,၀၀၈ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ ရွှေပြည်သာမြို့နယ်က ၉၂ ယောက်၊ မင်္ဂလာဒုံနဲ့ မြောက်ဉက္ကလာပမြို့နယ်တွေက ၈၃ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၁ မြို့ နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ် ၁၀ ခုမှာ ၇၈ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၇ ခုမှာ ၇၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၆ ခုမှာ ၉ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၂၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၁ ခုမှာ ၆၁ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၉ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၂၄ ယောက်၊ ကရင်ပြည် နယ်မြို့နယ် ၃ ခုမှာ ၅ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၂ ခုမှာ ၆ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ နေပြည်တော်၊ ပျဉ်းမနားမြို့မှာ ၃ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၇၀ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာပြီး အသွားအလာကန့်သတ်ထားရှိသူထဲမှာတော့ သန်လျင်မြို့နယ်မှာ ၈ ယောက်၊ ကျောက်ကြီးမြို့နယ်မှာ ၂ ယောက်၊ အင်းစိန်မြို့ နယ်မှာ ၁ ယောက်၊ ရွှေကူမြို့နယ်မှာ ၁ ယောက် ပါဝင်နေပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၃၇,၂၀၅ ယောက်၊ သေဆုံးသူ ၉၁၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၇,၅၆၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၁ သန်း ကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၀ ဒသမ ၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။