Home
မြန်မာသတင်း
အန်အယ်လ်ဒီဝန်းရံသူများ မြေသယ်ယာဉ်များဖြင့် နေပြည်တော်တွင် အင်အားပြ
DVB
·
October 21, 2020
122241528_3439730226114652_1117492043971471123_o
122117285_3439730562781285_6643950252424891899_o
122036848_3439730332781308_788315952390845759_o
122018513_3439730232781318_8174710945636851769_o
121977983_3439730636114611_8778815482314113502_o
121975201_3439730539447954_561147522092989114_o
121832026_3439730526114622_5936993117160359562_o
121806626_3439730399447968_654343532717333474_o
အန်အယ်လ်ဒီပါတီကို ထောက်ခံအားပေးတဲ့အနေနဲ့ နေပြည်တော်ကောင်စီ နယ်မြေ လုပ်ငန်းရှင်များအဖွဲ့ချုပ်က လုပ်ငန်းသုံးမြေသယ်ယာဉ် အစီး ၂၀၀ ကျော်နဲ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက နေပြည်တော်မှာ လှည့်လည် အင်အားပြခဲ့ကြပါတယ်။ အစောပိုင်းက အစီး ၁၀၀ ခန့်လောက်နဲ့ လှည့်လည် အင်အားပြဖို့ စီစဉ်ထားခဲ့ပေမယ့် နောက်ထပ် ပူးပေါင်းပါဝင်လာသူတွေ ရှိလာတဲ့အတွက် အစီး ၂၀၀ ကျော်သွားတာဖြစ်တယ်လို့ လှည့်လည်ပွဲမှာ  ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ကိုတိုးဝင်းက ပြောပါတယ်။ ကိုဗစ်-၁၉  ကပ်ရောဂါကာလမှာ လူစုလူဝေးမပြုလုပ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက တားမြစ်ထားပေမယ့် နိုင်ငံရေးပါတီအသီးသီးရဲ့ ဝန်းရံသူတွေကတော့ လှည့်လည်နေကြမြဲ ဖြစ်ပါတယ်။  ဒီအတွက် ဝေဖန်မှုတွေရှိနေပြီး ဒီနေ့အစီအစဉ်မှာ  ပါဝင်တဲ့ ဝန်းရံသူတစ်ဦးဖြစ်တဲ့ ကိုဇော်ကြီးကတော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လှည့်လည်တာဖြစ်တယ်လို့ ပြောပါတယ်။ နေပြည်တော်ကောင်စီနယ်မြေ လုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ လုပ်ငန်းသုံးမြေသယ်ယာဉ်တွေနဲ့ လှည့်လည်မှုကို တပ်ကုန်းမြို့နယ်ကလွဲပြီး ကျန် ၇ မြို့နယ်ကို လှည့်လည်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024