မိုင်းခုတ်တွင် ကျပ်သိန်း ၈၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ သယ်သူမမိဘဲ သိမ်းဆည်းရမိ
DVB
·
October 19, 2020
ရှမ်းပြည်နယ် မိုင်းခုတ်မြို့မှာ မနေ့ ညနေပိုင်းက ကျပ်သိန်း ၈၀၀၀ လောက် တန်ဖိုးရှိတဲ့ အိုက်စ်မူးယစ်ဆေးဝါးတွေကို သယ်လာသူမမိဘဲ သိမ်းဆည်းရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့ ညနေပိုင်းက မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့၊ မိုင်းဆတ်-ကျိုင်းတုံ ကားလမ်း မိုင်တိုင်အမှတ် ၉၆ ကီလိုမီတာနားမှာ မသင်္ကာဖွယ် မော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းတာမှာ မော်တော်ယာဉ်ဟာ လမ်းရဲ့ ညာဘက်မှာရှိတဲ့ တံတားအုတ်ခုံကို ဝင်တိုက်မိပြီး ရပ်တန့်သွားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ကားပေါ်မှာပါလာသူ ၂ ယောက်ကတော့ လမ်းဘယ်ဘက် လျှိုထဲကို ထွက်ပြေးသွားတာကြောင့် ကားပေါ်ကို ရှာဖွေရာမှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ ငွေကျပ်သိန်း ၇၈၀၀ တန်ဖိုးရှိ အိုက်စ် ၃၉ ကီလို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ- MOHA