ထမံသီမြို့အနီး မြေငလျင်လှုပ်
DVB
·
October 18, 2020
စစ်ကိုင်းတိုင်း ထမံသီမြို့အနီးမှာ ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်က အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၅၅ မိနစ်၊ ၂၆ စက္ကန့် အချိန်က ထမံသီမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၃ မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၁၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၃၈ ဒီဂရီ၊ အနက် ၈၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။