Homeမြန်မာသတင်း
နှစ် ၃၀ ကျော်က ဒေါ်အောင်ဆန်းစုကြည် စီးခဲ့သည့်လှည်းကို လေလံမပစ်ဘဲ ထိန်းသိမ်းစောင့်ရှောက်မည်
နှစ် ၃၀ ကျော်က ဒေါ်အောင်ဆန်းစုကြည် စီးခဲ့သည့်လှည်းကို လေလံမပစ်ဘဲ ထိန်းသိမ်းစောင့်ရှောက်မည်
DVB
·
October 18, 2020
လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က မြင်းခြံမြို့မှာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့တဲ့လှည်းကို လေလံမပစ်တော့ဘဲ ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ လှည်းကို ထိန်းသိမ်းစောင့်ရှောက်သူ ကိုဖိုးသက်(ခ)ကိုသက်နိုင်အောင်က ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ရုပ်တု ထုလုပ်ပြီး သမိုင်းဝင်လှည်းယာဉ်နဲ့အတူ ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီလှည်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဂိုထောင်တခုလည်း တည်ဆောက်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ရုပ်တုကို ရန်ကုန်တိုင်း ဒါးပိန်မြို့က နိုင်ငံတော်ရွှေတံဆိပ်ဆုရ ပန်းပုဆရာ ဦးကျော်စွာ (ရွှေဒါးကျော်စွာ) ဆီမှာ အပ်နှံ ထုဆစ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
လှည်းသက်တမ်းဟာ နှစ် ၈၀ ကျော်နေပြီဖြစ်လို့ ပြန်လည်ပြုပြင်ခဲ့ရာ နဂိုမူလအတိုင်း ၉၅ ရာခိုင်နှုန်းလောက်ထိ ပြင်ဆင်ပြီး ဖြစ်ပါတယ်။
အောက်တိုဘာ ၁၆ ရက်က မြင်းခြံမြို့မှာ NLD ထောက်ခံဝန်းရံသူများက ဒီလှည်းနဲ့အတူ လှည့်လည်အင်အားပြသခဲ့ပါတယ်။