Home
မြန်မာသတင်း
သင်္ဃန်းကျွန်း၊ တာမွေနှင့် တောင်ဥက္ကလာပနေ ပြည်သူများ ဧရာဝတီစင်တာ၌ ကိုဗစ်-၁၉ စစ်ဆေးနိုင်
DVB
·
October 14, 2020
121247531_5147236075302355_69910216517822085_o
121220681_5147266995299263_8166572870764531907_o
121149857_5147281455297817_1980828851784436501_o
121070617_5147226508636645_653688961844375668_o
121000854_5147239531968676_6045328150607353332_o
120930288_5147266935299269_7541464052065850723_o
119215917_5005115976181033_2186172623523183352_o
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း၊ တာမွေနဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ဧရာဝတီစင်တာမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်မယ့် Tests & Care ဧရာဝတီစင်တာကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ အောက်တိုဘာ ၁၂ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဦးစားပေး စစ်ဆေးပေးမယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ ဧရာဝတီစင်တာ အနီးနားမြို့နယ်တွေဖြစ်တဲ့ သင်္ဃန်းကျွန်း၊ တာမွေနဲ့ တောင်ဥက္ကလာပ ၃ မြို့နယ်က ကိုဗစ်-၁၉ ရောဂါလက္ခဏာ တွေ ခံစားနေရတဲ့ ပြည်သူတွေကိုပါ စစ်ဆေးပေးနိုင်ဖို့ ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားတာပါ။ ရန်ကုန်တိုင်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကာလ တကျော့ပြန် ကူးစက်မှုတွေ အမြင့်ဆုံးဖြစ်နေပြီး လတ်တလောအချိန်ထိ သင်္ဃန်းကျွန်းမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၁,၂၃၈ ယောက်၊ တာမွေမြို့နယ်မှာ ၇၉၉ ယောက်နဲ့ တောင်ဉက္ကလာပမြို့နယ်မှာ ၇၆၅ ယောက်စီ အသီးသီး ရှိနေတာ ဖြစ်ပါတယ်။ Tests & Care ဧရာဝတီစင်တာကိုတော့ နေ့စဉ်မနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဖော်ပြပါဝက်ဘ်ဆိုက်ဒ် ယူအာရ်အယ်လ်- https://bit.ly/36UvIss ကနေတဆင့် ကာယကံရှင်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ဖြည့်သွင်းပြီး ကြိုတင်လျှောက်ထားရမှာ ဖြစ်ပါတယ်။ စစ်ဆေးမှုခံယူဖို့ အချက်အလက်ဖြည့်စွက်ပြီးသူတွေဆီကိုတော့ QR Code၊ Patient ID နဲ့ လာရောက်စစ်ဆေးရမယ့် နေ့ရက်၊ အချိန်တို့ကို ကာယကံရှင်ရဲ့ ဖုန်းနံပါတ်ဆီ အချိန်နဲ့ တပြေးညီ SMS စာတို ပေးပို့သွားမှာဖြစ်ပြီး သတ်မှတ်နေ့ရက်၊ အချိန်အတိ အကျအတိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်က Tests & Care ဧရာဝတီ စင်တာမှာ လာရောက်စစ်ဆေးမှုခံရယူရမှာ ဖြစ်ပါတယ်။ လာရောက်တဲ့အချိန်မှာတော့ ဝန်ထမ်းကတ်၊ ဒါမှမဟုတ် မှတ်ပုံတင်တခုခု ပါရမှာ ဖြစ်ပြီး QR Code၊ Patient ID မရှိသူတွေကို စင်တာမှာ လုံးဝ ဝန်ဆောင်မှုပေးသွားမှာမ ဟုတ်ကြောင်းလည်း အသိပေးထားတာ ဖြစ်ပါတယ်။ အသေးစိတ်စုံစမ်းချင်တယ်ဆိုရင်တော့ အရေးပေါ် Hotline ဖုန်းနံပါတ်-014705555 နဲ့ အီးမေးလ်လိပ်စာ contact@ayacenter.info တို့ဆီ ဆက်သွယ်နိုင်မှာ ဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၃၀,၄၃၇ ယောက် ၊ သေဆုံးသူ ၆၉၃ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၁၁,၇၆၉ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024