Home
သတင်းဓာတ်ပုံ
KNC ပါတီက မြစ်ကြီးနားမြို့တွင် ပထမဆုံးအကြိမ် မဲဆွယ်စည်းရုံး (ဓာတ်ပုံ)
DVB
·
October 10, 2020
DSCF8896
DSCF8875
DSCF8874
DSCF8869
DSCF8860
DSCF8858
ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက ပထမဆုံးအကြိမ် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ပါတယ်။  အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်း ကား၊ ဆိုင်ကယ် အစီး ၁၀၀ ကျော်နဲ့ အောင်နိုင်ရေး လှည့်လည်စည်းရုံးခဲ့တာလို့ KNC ပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်အောင်က ပြောပါတယ်။ အစိုးရ မဖွဲ့နိုင်ပေမဲ့ အမျိုးသားအကျိုးစီးပွားနဲ့ တန်းတူညီမျှရေးကို အခြေခံပြီး ပြည်နယ်အကျိုးနဲ့ ပြည်သူလူထုဘဝ ပြည့်စုံလာစေဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ KNC ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွက် ကိုယ်စားလှယ်လောင်း ၁၈ ဦး၊ ရှမ်းပြည်နယ်မှာ ၂ ဦး စုစုပေါင်း ၂၀ နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ ပါတီဝင် ၁၀၀၀ ကျော်ရှိပြီး အခု မြစ်ကြီးနားမြို့ မဲဆွယ်စည်းရုံးပွဲမှာ အင်အား ၁၀၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ကို ၁၉၄၉ ခုနှစ်  ဇန်နဝါရီ ၁၀ ရက်နေ့က စတင်ထူထောင်ခဲ့တာလို့ သိရပါတယ်။ သတင်း - ထူးထူး၊ ဓာတ်ပုံ - Yan Aung Htun / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024