Home
မြန်မာသတင်း
ညောင်တုန်းတွင် ဂတ်စ်ပိုက်လိုင်းပေါက်ပြီး မီးလောင်၊ လူ ၁၀ ဦး ဒဏ်ရာရ
DVB
·
October 9, 2020
121122272_961074581043552_1496152227630387647_n
121115210_961074487710228_1279971547953079519_n
121087277_961074524376891_2839190975918701845_n
120997234_961074427710234_6884368325197638673_n
121001381_961074374376906_1746827063524597932_n
ဧရာတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှာ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းက ညောင်တုန်းမှ ကန်ကြီးထောင့်ကို သွယ်တန်းထားတဲ့ ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။ ရန်ကုန် - ပုသိမ် ကားလမ်းမကြီးဘေးက ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူနေအိမ် တွေကို မီးကူးစက်လောင်ကျွမ်းခဲ့လို့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရပြီး အမျိုးသား ၅ ယောက် အမျိုးသမီး ၅ ယောက် မီးလောင်ဒဏ်ရာတွေရရှိခဲ့လို့ စိုးရိမ်ရသူတွေကို ဆေးရုံပို့ထားရတယ်လို့ ညောင်တုန်းမြိုနယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူက ဒီဗွီဘီကို ပြောပါတယ်။ "အုန်း ဆိုတဲ့ အသံနဲ့ ပေါက်ပြီးတော့ မီးတွေက နေအိမ်ထဲကို ၀င်လာတယ်လို့ပြောတယ်။ ရဲစခန်း ကတောင်အသံကြားရတယ်ပြောတယ်။ ကျနော်တို့ သွားပြီးမီးသတ်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားပါတယ်၊ ခုတော့ အားလုံးငြိမ်သွားပါပြီ"လို့ ပြောပါတယ်။ ဂတ်စ်ပိုက်လိုင်းပေါက်ကွဲတဲ့ နေရာကို သက်ဆိုင်ရာက လာရောက်ပြင်ဆင်နေပြီဖြစ်ပြီး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့ စိုးရိမ်ရတဲ့ အမျိုးသား ၃ ဦးကို မအူပင်ဆေးရုံပို့ဆောင်ထားကာ ကျန်တဲ့ ၆ ဦးကို ညောင်တုန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ ၁ နာရီနီးပါးကြာမြင့်တဲ့ ဂတ်စ်ပိုက်လိုင်းမီးလောင်မှုကြောင့် လူနေအိမ် ၁ လုံး၊ နွား တင်းကုပ် ၁ လုံး စုစုပေါင်း ငွေကျပ် ၁၇ သိန်းကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဂတ်စ်ပိုက်လိုင်းမီးလောင်မှုဖြစ်ပွားတဲ့နေရာကို ညောင်တုန်းမြို့နယ်မီးသတ်တပ်ဖွဲ့က တပ်ဖွဲ့၀င် ၁၃ ယောက်၊ အရန်မီးသတ်တပ်ဖွဲ့၀င် ၅ ယောက်နဲ့ မီးသတ်ယာဉ် ၂ စီးသွားရောက် မီးငြှိမ်းသတ်ခဲ့ပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024