Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအသစ် ၁,၄၀၀ ဦးတွင် ရန်ကုန်တိုင်းက ၁,၂၅၈ ဦးပါဝင်
DVB
·
October 8, 2020
120808567_741787596410708_2586856762817754661_n
မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၄၀၀ ယောက်ထဲမှာ ၁,၂၅၈ ယောက်ကတော့ ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။ ခုတွေ့ရှိရတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်တိုင်းမြို့နယ်တွေထဲက မရမ်းကုန်းမြို့နယ်မှာ ၂၁၇ ယောက်၊ လှိုင်သာယာမြို့နယ်မှာ ၁၂၁ ယောက်၊ အင်းစိန် မြို့နယ်မှာ ၁၁၀ ယောက်နဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၃၉ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၀  ခုမှာ ၂၅ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၇ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၈ ခုမှာ ၂၇ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၈ ခုမှာ ၂၉ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၇ ယောက်၊ မကွေးတိုင်းမြို့နယ် ၄ ခုမှာ ၄ ယောက်၊ နေပြည်တော်မြို့နယ် ၆ ခုမှာ ၉ ယောက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ် ၃ ခုမှာ ၉ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၁ ခုမှာ ၁ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၇ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ချင်းပြည်နယ်မြို့နယ် ၁ ခုမှာ ၁ ယောက်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ် ၃ ခုမှာ ၄ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အတည်ပြုလူနာတွေထဲက ဧရာဝတီတိုင်းက လူနာ ၅ ဦးနဲ့ စစ်ကိုင်းတိုင်းက ၂ ဦးက ရန်ကုန်တိုင်းမှာ ဆေးရုံသမှုခံသူတွေသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၇ ရက်နေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ အတည်ပြုလူနာစုစုပေါင်း၂၁,၄၃၃  ယောက် ၊ သေဆုံးသူ ၅၁၀  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆,၀၈၄ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024