ဆင်ဘိုမြို့အရှေ့ဘက်တွင် မြေငလျင်လှုပ်
DVB
·
October 3, 2020
ကချင်ပြည်နယ် ဆင်ဘိုမြို့ရဲ့ အရှေ့ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုး/ဇလက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၅ နာရီ၊ မိနစ် ၂၀၊ ၄၈ စက္ကန့် အချိန်က ဆင်ဘိုမြို့ရဲ့ အရှေ့ဘက် ၂၄ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၇၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၄၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။