Home
သတင်းဓာတ်ပုံ
အသုတ်မြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲပြီး အိမ်ဆောက်ပစ္စည်းဆိုင် မီးလောင် (ဓာတ်ပုံ)
DVB
·
October 2, 2020
120425753_955651811585829_4997322977041948813_n
120373389_955651844919159_8408802518149630713_n
120302177_955651678252509_2272613945568369079_n
120357474_955651874919156_1264285858387431106_n
120341395_955651734919170_8505526967779889339_n
120335959_955651771585833_6390451242884030203_n
120528690_955651648252512_4125744303011868324_n
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းက အိမ်ဆောက်ပစ္စည်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အသုတ်နယ်မြေမီးသတ်စခန်းက သိရပါတယ်။ အမှတ် ၄ ရပ်ကွက်ရှိ ကျောင်းလမ်းနဲ့ဘူတာရုံ လမ်းထောင့်က ဦးဝင်းစိန် အိမ်ဆောက်ပစ္စည်းအရောင်ဆိုင်မှာ မီးအားမြင့်စက်အပူလွန်ကဲပြီး အနီးရှိ စားရေးကိရိယာ ပစွည်းတွေကို မီးကူးကာ စတင်လောင်ကျွမ်းခဲ့တာလို့ ရေကြည်မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီးမှူး ဦးစိုးနိုင်က DVB ကိုပြောပါတယ်။ "မနက်အစောကြီး ဖြစ်တာပေါ့နော်၊  အိမ်ဆောက်ပစ္စည်းဆိုင်ပါ ပေါက်ကွဲမှုအနည်းငယ်ဖြစ်ပါတယ်။ တင်ဒါ သင်္ဘောဆေး တို့ကြောင့် ပေါက်ကွဲတာပါ။ လူထိခိုက်မှုမရှိပါဘူး၊ ဆိုင်ကတော့ တော်တော်ကုန်သွားတယ်။" မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့တဲ့ အိမ်ဆောက်ပစ္စည်းဆိုင်မှာ လူနေအိမ်ပါတွဲထားကာ ညဘက် မအိပ်ခင် မီးအားမြှင့်တင်အသုံးပြုခဲ့ပြီး မီးပျက်ချိန်မှာ အိပ်ပြီးမီးအား မချမိတာကြောင့် မီးပြန်လာချိန် ဆောင့်တက်ပြီး ခုလို လောင်းကျွမ်းတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှုကို အသုတ်နယ်မြေမီးသတ်စခန်း မီးငြိမ်းသတ်ယာဉ် ၂ စီး ရေသယ်ယာဉ် ၁ စီ၊ ရေကြည်မြို့နယ်မီးသတ်ဦးစီးမှူးရုံးက မီးငြီမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊  ရဲတပ်ဖွဲ့များ အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ  ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်မှုကြောင့် စုစုပေါင်းတန်ဖိုး သိန်း ၈၂ သိန်းကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရေကြည်မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ မီးလောင်မှုကြောင့် အိမ်ရှင် ဦးဝင်းစိန်အား အသုတ်နယ်မြေရဲစခန်းမှာ (ပ)၂၃၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024