Homeမြန်မာသတင်း
မိုးညှင်းတွင် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
မိုးညှင်းတွင် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 30, 2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ ကျန်းမာရေးဝန်ထမ်း ၁ ဦး ထပ်တိုးလာတယ်လို့ မိုးညှင်းခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ခရိုင်ဆေးရုံအုပ်ကြီး ဒေါ်လာမာမီး က "ကလေးငယ်ကတော့ စက်တင်ဘာ ၂၇ ရက်နေ့က ပိုးတွေ့အဖြေထွက်တဲ့လူနာရဲ့သမီးပါ။ သူတို့ သားအမိကို အတူသီးသန့်ခန်းမှာ ကုသနေပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့ ဓာတ်ခွဲနမူနာပို့ စစ်ထားတဲ့ ၆၃ ယောက်ထဲကသူတဦးထဲပိုးတွေ့တာပါ ကျန်းမာရေးဝန်ထမ်းကတော့ ကလေးလူနာ နဲ့ ထိတွေ့ခဲ့သူမို့ မြစ်ကြီးနားစက်မှာ Swab တို့ဖတ်ပို့စစ်တာ Positive အဖြေထွက်တာပါ”လို့ ပြောပါတယ်။
ကလေးလူနာရဲ့မိခင်ဟာ မိုးညှင်းဈေးကြီးအတွင်း ကုန်စုံဆိုင်ဖွင့်ထားသူဖြစ်တဲ့အတွက် ဘယ်သူ့ဆီက ကူးစက်လာကြောင်း မသိနိုင်တဲ့အတွက် ဈေးကြီးကို ၂ ကြိမ်တိုင်ဆေးဖြန်းခဲ့ပြီး ဆိုင်နီးချင်းမိသားစု ၉အိမ်ကိုလော့ဒေါင်းချထားခဲ့တာပါ ပိုးတွေ့ကျန်းမာရေးဝန်ထမ်း နဲ့ အနီးကပ် ထိတွေ့သူ ၂၀ ဦးရဲ့ Swab တို့ဖတ်တွေ ပို့စစ်ထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
မိုးညှင်းခရိုင်ဆေးရုံကြီးမှာ ပိုးတွေ့လူနာ၄ ဦးရှိပြီး လူနာအမှတ် ၁၄၄ မှာ ပိုးကင်းစင်သွားပြီ ဖြစ်ပါတယ်။
သတင်း - မုန်းမုန်းမင်း