မန္တလေးဘူတာကြီးတွင် ရထားတွဲမီးလောင်
DVB
·
September 29, 2020
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ၊ မန္တလေးဘူတာကြီးမှာ စက်တင်ဘာ ၂၉ ရက် မနက် ၁၀ နာရီလောက်က ရထားတွဲ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ တိုင်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။
မန္တလေးဘူတာကြီး သံလမ်းအမှတ် ၉ လမ်းမှာ အသုံးမပြုဘဲ ရပ်နားထားတဲ့ ရထားတွဲ BNUEZ -12670 အိပ်စင်တွဲ တစ်တွဲ မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။
မန္တလေးဘူတာကြီးမှာ ရထားလိုင်း တချို့ပြေးဆွဲမှု ရပ်နားနေကြတာဖြစ်ပြီး ရပ်နားထားတဲ့ ရထားတွဲတွေရော အသုံးမပြုဘဲ ပျက်စီးနေတဲ့ ရထားတွဲတွေကိုပါ တံခါးပိတ်ထားတယ်လို့ သိရပါတယ်။
မီးလောင်မှုမှာ လူတွေတော့ ထိခိုက်သေဆုံးမှုမရှိပါဘူး။ မီးလောင်မှုကို မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့က Level-1 အဆင့်မီးငြှိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး မသိရသေးပါဘူး။
သတင်း- ဇာဇာမောင်(CJ)