ကရင်အမျိုးသားပါတီ ဖားဆောင်းမြို့နယ်တွင် မဲဆွယ်စည်းရုံး (ဓာတ်ပုံ)
နော်နိုရင်း
·
September 27, 2020
ကယားပြည်နယ်အတွင်း ကရင်လူမျိုးအများစုနေတထိုင်တဲ့ ဖားဆောင်းမြို့နယ်မှာ ကရင်အမျိုးသားပါတီ (ကေအန်ပီ) က ကိုယ်စားလှယ်နေရာ ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အနိုင်ရရှိရေးအတွက် စက်တင်ဘာလ ၂၆ ရက်နေ့ က မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဖားဆောင်း-မော်ချီကားလမ်းတလျှောက် ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူအင်အား ရာချီ ချီတက်ပြီး စည်းရုံးခဲ့ကြတာပါ။
ကရင်အမျိုးသားပါတီအနေနဲ့ ကယားပြည်နယ် ဖားဆောင်းမြိုနယ်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် စောဆာကဘရူရှီး၊ အမျိုးသားလွှတ်တော်အတွက် ဦးကျော်စိုး (ခ) ဘိုဘိုရွှေနဲ့ ပြည်နယ်လွှတ်တော် အမှတ် ၁ အတွက် စောထောနေမူးတို့က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဓာတ်ပုံ - စောထောနေမူး