တောင်ကြီးမြို့ပေါ်၌ PNO ပါတီက ဆိုင်ကယ်၊ ကားများဖြင့် မြို့ပတ်ပြီး မဲဆွယ်
DVB
·
September 25, 2020
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီက ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တောင်ကြီးမြို့ကို ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ပတ်ပြီး အောင်နိုင်ရေးသီချင်းဖွင့်ကာ စက်တင်ဘာ ၂၄ ရက်က မဲဆွယ်စည်းရုံးခဲ့ပါတယ်။
တောင်ကြီးမြို့ တောင်ဘက်အစွန်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်းမှ အနောက် မြို့ပတ်လမ်းအတိုင်း မဲဆွယ်စည်း ရုံးခဲ့တာပါ။
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီအနေနဲ့ တောင်ကြီးမြို့နယ်မှာ ပြည်နယ်လွှတ်တော် ၂ နေရာနဲ့ ပြည်သူ့လွှတ်တော် ၁ နေရာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
PNO ပါတီဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတွေမှာ ကိုယ်စားလှယ် ၂၈ နေရာဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
သတင်း- ခွန်ရာဇာ