Home
မြန်မာသတင်း
မူဆယ် ကွာရန်တင်းစင်တာက တရုတ်ပြန် ၈၄ ဦး နှစ်ကြိမ်ပိုးမတွေ့သဖြင့် အိမ်ပြန်ခွင့်ရ
DVB
·
September 24, 2020
120068908_3576241852426098_3232045575217221929_n
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ပြည်ထောင်စုအားကစားကွင်းရှိ ကွာရန်တင်းစင်တာမှာရှိတဲ့ တရုတ်နိုင်ငံပြန် ၁၁၄ ယောက်ထဲမှာ ၈၄ ယောက်မှာ နှစ်ကြိမ်တိုင်ပိုးမတွေ့တာကြောင့် အိမ်ပြန်ခွင့် ရသွားပြီဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ အဖြေမသိရသေးတဲ့အတွက် ပြန်ခွင့်မရသေးဘူးလို့ မူဆယ်မြို့က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသ‌ရေး၊ စီမံခန့်ခွဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ဦးသောင်းထွန်းက ပြောပါတယ်။ မူဆယ်မြို့ ပြည်ထောင်စု အားကစားကွင်းမှာ ကွာရန်တင်းစင်တာ ၂ ခု၊ ထားရှိထားပြီး တရုတ်နိုင်ငံကို တရားဝင်သွားရောက်ပြီး ပြန်လာသူတွေနဲ့ တရုတ်နိုင်ငံမှာ ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့ သူတွေဆိုပြီး ခွဲခြားထားပါတယ်။  တရုတ်နိုင်ငံမှာ ထောင်ဒဏ်ချမှတ်ခံရသူတွေကိုတော့ မဖြစ်မနေဆေးစစ်ပြီးမှ ပြန်လွှတ်လေ့ရှိတယ်လို့ သိရပါတယ်။ မူဆယ်မြို့မှာ စက်တင်ဘာ ၂၃ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ခံလူနာ ၂ ဦးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  သတင်း- Pra Jaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024